Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စစ်ကိုင်း၊ကန့်ဘလူအနီးအင်အား(၄.၂)အဆင့်ရှိငလျင်နှင့်ရှမ်းပြည်၊မိုင်းပန်မြို့အနီး

အင်အား(၃.၈)အဆင့်ရှိငလျင်လှုပ်

———————————————————————————————

၂၀၂၅ခုနှစ်၊မေလ၊(၂၉)ရက်

စစ်ကိုင်း၊ကန့်ဘလူအနီးအင်အား(၄.၂)အဆင့်ရှိငလျင်နဲ့ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့အနီးဗဟိုပြုပြီး အင်အား(၃.၈)အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြေငလျင်ဌာနခွဲ မှသိရပါတယ်။

၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၂၈)မိနစ်၊ (၁၃)စက္ကန့် အချိန်မှာ ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၈၆) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းပန်မြို့၏ မြောက်- အရှေ့မြောက်ဘက် (၂၁) မိုင်ခန့်အကွာ)မှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၃၂)မိနစ်၊ (၀၂)စက္ကန့် အချိန်မှာ ကန့်ဘလူမြေငလျင် စခန်းမှ အနောက်-အနောက်မြောက်ဘက် (၄၇) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မော်လိုက်မြို့၏ အရှေ့တောင်ဘက် မိုင် (၃၀) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၇) ဒီဂရီ၊ အနက်(၈၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းလည်း သိရပါတယ်။

#mercury#mercurynews#မြန်မာ#ငလျင်#ပြည်တွင်းသတင်း