Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စစ်ကိုင်း၊ဖောင်းပြင်မြို့အနီး အင်အား(၄.၉)အဆင့်ရှိငလျင်ထပ်လှုပ်

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့အနီး အင်အား ရစ်(ခ်)တာ စကေး (၄.၉) အဆင့်ရှိ ငလျင်တစ်ခုထပ်မံ လှုပ်ခတ်ခဲ့တယ်လို့ မြေငလျင်ဌာနခွဲမှသိရပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၁၀)မိနစ်၊ (၁၂) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၄၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့ရဲ့ အရှေ့တောင်ဘက် (၁၄) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၁၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၅) ဒီဂရီ၊ အနက်(၆၅) ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာ စကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား တယ်လို့ ဖော်ပြထားပါတယ်။

အခုနှစ်အတွင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် စစ်ကိုင်း၊မန္တလေး၊ရှမ်းပြည်တို့မှာနောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေတယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#ငလျင်#ပြည်တွင်းသတင်း