Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စစ်တောင်းမြစ်၊ရွှေကျင်မြစ်၊သံလွင်မြစ်များ၏မြစ်ရေစိုးရိမ်ရေမှတ်အောက်ကျဆင်းလာနိုင်

၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၄)ရက်

စစ်တောင်းမြစ်ရေ၊ရွှေကျင်မြစ်ရေ၊သံလွင်မြစ်ရေများ ပြန်ကျလာနိုင်ခြေရှိပေမယ့် စိုးရိမ်ရေအမှတ်အထက်ဆက်လက် တည်ရှိနေသေးလို့ရေဘေးလွတ်ရာမှာနေထိုင်ကြဖို့ သတိ‌ပေးထားတယ်လို့ သိရပါတယ်။

စစ်တောင်းမြစ်ဟာ စိုးရိမ်ရေအမှတ်အထက်(၄)ပေခွဲ၊ ရွှေကျင်မြစ်ရေဟာ ပေဝက်ခန့်၊သံလွင်မြစ်ရေဟာ (၃)ပေခွဲခန့် စိုးရိမ်ရေအမှတ်အထက် ရှိနေပြီး နောက်(၁)ရက်အတွင်း ကျဆင်းလာနိုင်ပေမယ့် စစ်တောင်းမြစ်နဲ့ သံလွင်မြစ်ကတော့ စိုးရိမ်ရေအမှတ်အထက်ဆက်ရှိနေနိုင်တယ်လို့ဆိုပါတယ်။

ဒါကြောင့်မို့လို့ ရွှေကျင်မြို့၊ဘားအံမြို့နဲ့မဒေါက်မြို့အတွင်းရှိမြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ‌ရေဘေးလွတ်ရာနေရာတွေကို ရှောင်ရှားနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။

#mercury#mercurynews#ရေဘေး#မြန်မာ#ပြည်တွင်းသတင်း