Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စစ်တောင်းမြစ်၊သံလွင်မြစ်နှင့် အင်းလေးကန်ရေဆက်တက်ပြီး ရေမြုပ်နိုင်ခြေရှိနေ

၂၀၂၅ခုနှစ်၊ဩဂုတ်လ၊ (၂)ရက်

စစ်တောင်းမြစ်ဟာတောင်ငူမှာ အနီရောင်အဆင့်သတိပေးချက် HIGH FLOOD ALERT LEVEL သည် ဩဂုတ်လ ၁၀ ရက်နေ့အထိ ဆက်လက်တည်ရှိနေနိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကဖော်ပြထားပါတယ်။

GloFAS နှင့် GFMS ရေကြီးခြင်းသတိပေးချက်(Flood Alert and Awareness System)ရဲ့ ဩဂုတ်လ ၂ ရက် အချက်အလက်ပုံတွေအရ ဖော်ပြထားတာဖြစ်တယ်လို့‌ဆိုပါတယ်။

သံလွင်မြစ်ဟာ ကရင်ပြည်နယ်မှာ အဝါရောင်အဆင့်သတိပေးချက် MEDIUM FLOOD ALERT သည် ဩဂုတ်လ ၁၅ ရက်အထိ ဆက်လက်တည်ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ် ဒေသအတွင်း မိုးအသင့်အတင့်ရွာသွန်းနေဆဲဖြစ်ပြီးနေရာကွက်ပြီး မိုးသည်းထန်ဆဲဖြစ်တာကြောင့် –

အင်းလေးကန်မှာ ရေဆက်တက်နေနိုင်ပြီး ရေကြီးခြင်းသတိပေးချက် EXTREME ALERT LEVEL ခရမ်းရောင်အဆင့်မှာ ဆက်လက်ရှိနေနိုင်ပါတယ်။

ကယားပြည်နယ်အတွင်း ဆက်လက်စီးဆင်းစဉ် ကယားပြည်နယ်တွင်လည်း အနီရောင်အဆင့်သတိပေးချက် HIGH FLOOD ALERT LEVEL သည် ဩဂုတ်လ ၁၀ ရက်အထိ ဆက်လက်ရှိနေနိုင်ပါတယ်။

ပဲခူးတိုင်းအရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေပြန်လည်ကျဆင်းနိုင်သော်လည်း ရေကြီးနိုင်ချေသတိပေးချက် FLOOD ALERT ALEVEL များ ဆက်လက်မြင့်နေဆဲဖြစ်ကြောင်း အသိပေးတင်ပြထားပါတယ်။

#mercury#mercurynews#ရေကြီး#မြန်မာ#ပြည်တွင်းသတင်း