Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စစ်ပွဲတွေကို ရှောင်မရပါက ပြတ်ပြတ်သားသားတိုက်မယ်လို့ ထရမ့် ကြုံးဝါး

၂၀၂၅၊အောက်တိုဘာလ၊၂၉ရက်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်ပွဲများမှာ ပါဝင်လိုစိတ် မရှိသော်လည်း စစ်ပွဲကို ရှောင်ရှားမရတော့ပါက ပြတ်ပြတ်သားသား တိုက်ခိုက်ပြီး ပြတ်ပြတ်သားသား အောင်ပွဲရယူ ရလိမ့်မယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

သမ္မတထရမ့်ဟာ အောက်တိုဘာ ၂၈ ရက်နေ့မှာ ဂျပန်ဝန်ကြီးချုပ် ဆာနာအေ တာကာအီချီနှင့်အတူ အမေရိကန်ရေတပ် အခြေစိုက်စခန်းသို့ သွားရောက်ခဲ့ပြီး နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS George Washington ပေါ်မှာ အမေရိကန်တပ်ဖွဲ့ဝင်များကို မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

သမ္မတထရမ့်က အမေရိကန်မှာ ကောင်းဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ၊ လေယာဉ်တင်သင်္ဘောများ ပိုင်ဆိုင်ထားပြီး အမေရိကန် စစ်ရေးစွမ်းရည်နဲ့ လက်နက်ကို ယှဥ်ပြိုင် ခြိမ်းခြောက်နိုင်တဲ့ နိုင်ငံ မရှိဘူးလို့ ဆိုပါတယ်။

စစ်ပွဲမဖြစ်အောင် အင်အားနဲ့ ကြိုတင်ဟန့်တားနိုင်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း သမ္မတထရမ့်က အလေးထားပြောကြားခဲ့ပေမယ့်လည်း ရှောင်ရှားမရပါက ပြတ်ပြတ်သားသား အနိုင်ယူရမယ် ဆိုတဲ့ သဘောထားကို ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် သမ္မတထရမ့်က ဂျပန်ဝန်ကြီးချုပ် တာကာအီချိကို ချီးကျူးဂုဏ်ပြုခဲ့သလို ကမ္ဘာတစ်ဝန်းရှိ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံများကိုလည်း ဂုဏ်ပြုကြောင်း ပြောကြားသွားခဲ့ပါတယ်။

#mercury#mercurynews#နိင်ငံတကာ#အမေရိကန်#စစ်ရေး