Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စစ်ပွဲ ဆက်လက်ဖြစ်ပွားနေတာ‌ကြောင့် အဓိပတိကြီး ခါမေနီရဲ့ ဈာပန ကျင်းပရေးကို အီရန် ရပ်ဆိုင်းထား

၂၀၂၆၊ဖေဖော်ဝါရီလ၊၅ရက်

အစ္စရေးနဲ့ အမေရိကန်ဆီက တိုက်ခိုက်မှုတွေ ဆက်လက် ပြင်းထန်နေတာကြောင့် အဓိပတိကြီး အယာတိုလာ အလီ ခါမေနီရဲ့ ဈာပန အခမ်းအနားကို ရွှေ့ဆိုင်းထားလိုက်ရတယ်လို့ အီရန်အစိုးရက ကြေညာပါတယ်။

အီရန်ရဲ့ အစ္စလာမ်မစ် အစိုးရကို ၃၆ နှစ်ခွဲကြာအောင် ဦးဆောင်ခဲ့တဲ့ ခါမေနီဟာ အီရန်အပေါ် အစ္စရေးနဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေ စတင်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

မူလက ခါမေနီရဲ့ နာရေးကိစ္စ ဈာပန အစီအစဉ်တွေကို ၃ ရက်ကြာ ကျင်းပပြီး မတ်လ ၄ ရက်နေ့ ညပိုင်းမှာ စတင်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် စစ်ပွဲက ဆက်ပြီး အရှိန်မြင့်နေဆဲ ဖြစ်တာကြောင့် လောလောဆယ်မှာတော့ ရွှေ့ဆိုင်းထားရကြောင်း အီရန် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ခါမေနီရဲ့ဈာပန အခမ်းအနား ကျင်းပပေးဖို့ လုံခြုံရေး အခြေအနေတွေ အရရော၊ အခြေခံ အဆောက်အအုံ ပျက်စီးမှုတွေကြောင့်ပါ လတ်တလော မစတင်နိုင်သေးကြောင်း အီရန် အစိုးရက အကြောင်းပြထားပါတယ်။

ခါမေနီဟာ ၁၉၈၉ ခုနှစ်မှာ အီရန် အစ္စလာမ်မစ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သူ အယာတိုလာ ရူဟိုလား ခိုမေနီ ကွယ်လွန်ပြီးတဲ့နောက် နိုင်ငံရဲ့ အဓိပတိ ရာထူးကို ဆက်ခံခဲ့သူဖြစ်ပါတယ်။

ဓာတ်ပုံ – Reuters

#mercury#mercurynews#နိုင်ငံတကာသတင်း

#အီရန်

#ခါမေနီ