မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဉရောပ စူပါဖလားရဲ့ ဗိုလ်လုပွဲမှာ PSGအသင်းက စပါးအသင်းကို အနိုင်ယူပြီး ဆုဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။
စပါးဟာ ၈၅ မိနစ်အထိ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားပေမယ့် ပွဲပြီးခါနီးမိနစ်တွေမှာ PSGက ချေပဂိုးတွေပြန်လည်ရရှိသွားတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ရောက်ခဲ့ပြီး PSGက အနိုင်ရသွားခဲ့ပါတယ်။
ဉရောပ စူပါဖလား ဗိုလ်လုပွဲရဲ့ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို PSG တိုက်စစ်ကစားသမား ဒမ်ဘီလီက ရရှိသွားပါတယ်။
#mercury#mercurynews#psg#spur#အားကစား