——————————————————————————————————————
တောင်သူတွေအနေဖြင့် စပါးတင်း(၁၀၀)ကို အခြေခံရည်ညွှန်းဈေးနှုန်းကျပ်(၁၁)သိန်း(၅)သောင်းဖြင့်ရောင်းချဖို့ ဥပဒေအရ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
အစိုဓာတ်(၁၄)ရာခိုင်နှုန်းရှိပြီး အဖျင်း၊အမှော်၊ဖုန်၊သဲ၊ခဲကင်းစင်ပြီး အရည်အသွေးဆိုင်ရာသတ်မှတ်စံချိန်စံညွှန်းတွေနဲ့ကိုက်ညီတဲ့ တစ်တင်း(၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)ရဲ့ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ကျပ်(၁၁)သိန်း(၅)သောင်းဖြင့်ရောင်းချဖို့သတ်မှတ်လိုက်တာဖြစ်ပါတယ်။
ဒီသတ်မှတ်ဈေးဟာ ၂၀၂၅ခုနှစ်မိုးစပါးနဲ့၂၀၂၆ခုနှစ်နွေစပါးတို့အတွက်ရည်ရွယ်ဆောင်ရွက်တာဖြစ်ပြီး ရည်ညွှန်းဈေးဖြင့်ရောင်းဖို့ခက်ခဲနေတဲ့တောင်သူတွေအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့မြို့နယ်ကိုယ်စားလှယ်တွေသို့ဖြစ်စေ၊အသင်းချုပ်သို့ဆက်သွယ်ရောင်းချနိုင်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ-မူရင်းပိုင်ရှင်ကိုCreditပေးပါသည်။
#mercurynews#ပြည်တွင်းသတင်း#စပါးစျေး#စပါးစျေးနှုန်း#တောင်သူ #
