ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၊ရွှေလောင်းလမ်းမှာ စိတ်ကျန်းမာရေးမကောင်းသူ တဦးက အိမ်စီးကားတစ်စီးကို ရိုက်နှက်ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
မေလ၅ရက်နေ့ ည ၁၂ နာရီလောက်က စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးဟာ ရွှေလောင်းလမ်းထဲဝင်လာပြီး ကားတစ်စီးလုံးကို ရိုက်နှက်ဖျက်ဆီးသွားတဲ့ အပြင်မီးရှို့ဖို့ပါ လုပ်ဆောင်ခဲ့ တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
စမ်းချောင်းမြို့နယ် မှာ အခုရက်ပိုင်းအတွင်း စိတ်ကျန်းမာရေးမကောင်းသူလို့ အမည်ခံထားကြတဲ့သူတွေ လျောက်သွားနေကြတဲ့ အတွက် ရပ်ကွက်နေပြည်သူတွေနဲ့ လမ်းသွားလမ်းလာတွေက အန္တရာယ်ပြုမှာစိုးရိမ်နေကြရပါတယ်။
မူရင်းဓါတ်ပုံ ပိုင်ရှင်ကို creditပေးပါသည်။
#mercury#mercurynews#မြန်မာ#စမ်းချောင်း#ပြည်တွင်းသတင်း