Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စားအုန်းဆီတစ်ပိဿာကို(၆၂၀၅)ကျပ်‌‌ရောင်းချရန်သတ်မှတ်

၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၁၂)ရက်

အခုအပတ်မှာတော့ စားအုန်းဆီတစ်ပိဿာကိုရည်ညွှန်းဈေး၆၂၀၅ကျပ်‌‌ရောင်းချရန်သတ်မှတ်ထားတယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှသိရပါတယ်။

ရန်ကုန်တိုင်းမှာတော့ ၂ပိဿာ၅၀ကျပ်သားကို ၂၂၅၀၀ ကျပ်ဖြင့်အိမ်တိုင်ရာရောက်ရောင်းချပေးနေတယ်လို့

ဆိုပါတယ်။

ဈေးကွက်ထဲမှာတော့ စားအုန်းဆီတစ်ပိဿကို သယ်ယူပို့ဆောင်ခနဲ့ အမြတ်(၂)ရာခိုင်နှုန်းသာတင်ရောင်းခိုင်းပေမယ့် ရည်ညွှန်းဈေးထက်နှစ်ဆကျော်၊သုံးဆကျော်စသဖြင့် မြှင့်တင်ပြီး ရောင်းချနေသူတွေရှိနေပြီး ဈေးကစားသူ၊ဈေးမြှင့်ရောင်းသူတွေကို တည်ဆဲဥပဒေအရ အရေးယူသွားဖို့ရှိတယ်လို့ သိရပါတယ်။

#Mercury#mercurynews#ပြည်တွင်းသတင်း#စားအုန်းဆီ#စားအုန်းဆီစျေးနှုန်း