Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စားအုန်းဆီ ရည်ညွှန်းဈေးတစ်ပိဿ(၆၄၁၀)ကျပ်ဖြင့် ဖုန်းဆက်မှာယူနိုင်

——————

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၊(၇)ရက်

အခုရက်ပိုင်းမှာ စားအုန်းဆီတစ်ပိဿကို လက်ကားရည်ညွှန်းဈေး ကျပ်(၆၄၁၀)ဖြင့် ရောင်းချဖို့သတ်မှတ်ထားပါတယ်။

နိုဝင်ဘာလ(၇)ရက်ကနေ(၁၃)ရက်အထိရောင်းချရမယ့်ဈေးနှုန်းကို တစ်ပိဿ ကျပ်(၆၄၁၀)ဖြင့်ရောင်းချရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ(၃၀)ရက်အထိရန်ကုန်တိုင်းဒေသကြီးမှာ မြို့နယ်အလိုက် (၂)သောင်း(၂)ထောင်ကျော်ကနေ (၂)သောင်း(၃)ထောင်ကျော်နဲ့ ရောင်းချခဲ့ပါတယ်။

စားအုန်းဆီဈေးကစားမယ့်သူတွေကို တည်ဆဲဥပဒေအရအရေးယူမှာဖြစ်ပြီး စားအုန်းဆီ မှာယူလိုသူတွေအနေနဲ့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကိုဆက်သွယ်မှာယူနိုင်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ_မူရင်းပိုင်ရှင်ကို Creditပေးပါသည်

#mercury#mercurynews#စားအုန်းဆီ#မြန်မာ#ပြည်တွင်းသတင်း