————————————————————–
အခုတစ်ပတ်အတွက် စားအုန်းဆီ ရည်ညွှန်းဈေးတစ်ပိဿ(၆၁၅၀)နှုန်းသတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
ဇန်နဝါရီ(၁၆)ရက်ကနေ(၂၂)ရက်အထိ ရန်ကုန်အထိုင် ရည်ညွှန်းဈေးအဖြစ် စားအုန်းဆီတစ်ပိဿကို (၆၁၅၀)နှုန်းဖြင့်ရောင်းချဖို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။
ဈေးနှုန်းမြှင့်တင်ပြီးရောင်းချတာ၊ဈေးကစားရန်ရည်ရွယ်ချက်နဲ့သိုလှောင်ထားတာတွေကိုအရေးယူသွားမှာဖြစ်ပြီး ရန်ကုန်တိုင်းမှာတော့ အိမ်တိုင်ရာရောက်ဖုန်းဆက်မှာယူနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း Facebook Pageမှာ ဆက်သွယ်မှာယူနိုင်တဲ့ဖုန်းနံပါတ်တွေဖော်ပြထားပါတယ်။
#mercury#mercurynews#စားအုန်းဆီ#မြန်မာ#ဈေးကွက်#ပြည်တွင်းသတင်း
