Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စူပါတိုက်ဖွန်းမုန်တိုင်းနှင့်လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်နှင့်မြန်မာနိုင်ငံအောက်ပိုင်းမိုးသည်းထန်ပြီးရေကြီးရေလျှံဖြစ်နိုင်

ဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း“ရာဂါဆာ”အရှိန်သက်ရောက်မှုအပြင် အခုရက်ပိုင်း အတွင်း ဘင်္ဂလားပင်လယ်အော်မှာလည်း လေဖိအားနည်းရပ်ဝန်းလည်း ထပ်မံဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။

တိုက်ဖွန်းမုန်တိုင်းသက်ရောက်မှု၊ အကြွင်းအကျန်ဝင်ရောက်မှုတွေကြောင့်လည်းကောင်း၊ လေဖိအားနည်း ရပ်ဝန်းကြောင်းလည်းကောင်း မြန်မာနိုင်ငံတဝှမ်းအထူးသဖြင့်ရန်ကုန်နဲ့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်တာ၊ မိုးကြီးတာ၊ ရေကြီးရေလျှံဖြစ်တာတွေကြုံတွေ့လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ပြောကြားချက်အရသိရပါတယ်။

‘’အခုရက်ပိုင်းမှာ မုန်တိုင်းသက်ရောက်မှုနဲ့ ဘင်္ဂလားပင်လယ်အော်မှာလည်း လေဖိအားနည်းရပ်ဝန်းတွေ ကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေဖြစ်တဲ့ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာမိုးများတာတွေဖြစ်ပေါ်လာနိုင်တယ်။ ရန်ကုန်မှာလည်း မိုးသည်းထန်တာ၊ ရေကြီးရေလျှံဖြစ်တာတွေဖြစ်ပေါ်လာနိုင်ပါတယ်”လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ပြောကြားထားပါတယ်။

#mercury#mercurynews#မြန်မာ#မိုး‌လေ၀သ#ပြည်တွင်းသတင်း