၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၄)ရက်
ပြည်သူ့အချစ်တော် ဆင်မကြီး မိုမို ရဲ့ ၇၂ နှစ်ပြည့် မွေးနေ့ ပွဲတော်ကြီးကို ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှာကျင်းပလျက်ရှိပါတယ်။
ပွဲတော်ကို ၂၄ . ၁၀ . ၂၀၂၅ ရက်နေ့ မှစတင်ပြီး ၂၆ . ၁၀ . ၂၀၂၅ ရက်နေ့အထိကျင်းပမှာဖြစ်ကာ မနက်ဖြန်အောက်တိုဘာလ(၂၅)ရက်မှာတော့ မိုမိုကိုယ်တိုင်မွေးနေ့ကိတ်ခွဲမှာ ဖြစ်ပါတယ်။
ဆင်မှာဆို “ မိုမို “ လို့ပြောစမှတ်တွင်ရလောက်တဲ့အထိ အားလုံးက ချစ်ရတဲ့ ပြည်သူ့အချစ်တော်ကြီး မိုမို ရဲ့၇၂ နှစ်ပြည့် မွေးနေ့ ပွဲတော်ကြီးဟာ မကြာမှီ အချိန်အခါအတွင်း ရောက်ရှိလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။
#mercurynews#mercury#မြန်မာ#ဆင်မကြီးမိုမို#ပြည်တွင်းသတင်း
