ချဲလ်ဆီးနည်းပြ မာရက်ဇ်စကာ က မန်ယူနိုက်တက်ကနေ အငှားလာကစားနေတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချို ကို အသင်းဆီ အပြီးခေါ်မှာလား ဒါမှမဟုတ် ပြန်ပို့မှာလားဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ပြောပါတယ်။
ချဲလ်ဆီးနည်းပြ မာရက်ဇ်စကာ က “လောလောဆယ် ဂျေဒန်က ကျွန်တော်တို့ ကစားသမားဖြစ်နေတုန်းပါဘဲ။သူနဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်ကို အခုထိ မချရသေးဘူး။လက်ရှိမှာ ဘက်တစ်နဲ့ ဗိုလ်လုပွဲ ကို အာရုံအပြည့်အဝ အာရုံစိုက်ထားပါတယ်။ဒါပြီးမှဆုံးဖြတ်မှာပါ။”လို့ ကွန်ဖရန့်လိဂ် ဗိုလ်လုပွဲ မတိုင်ခင် ပြောခဲ့တာပါ။
မန်ယူနိုက်တက်ကနေ အငှားလာကစားနေတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုဟာ ဒီနှစ်ဘောလုံးရာသီမှာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၄၁ပွဲအထိ ကစားပေးခဲ့သလို ၄ဂိုးသွင်း ၁၀ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပေးသူဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ ဂျေဒန်ဆန်ချိုကို အပြီးသတ်ခေါ်ယူပါက ပေါင် ၂၅သန်း ကုန်ကျမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကို ပြန်ပို့ပါက ပေါင် ၅သန်း ပေးချေရမှာဖြစ်ပါတယ်။
#mercury#mercurynews#အားကစား#sancho#chelsea#manu