နာမည်ကျော် “Power Rangers” ဇာတ်လမ်းတွဲရဲ့ မူလဇာစ်မြစ်ဖြစ်တဲ့ အထင်ကရ “Super Sentai” ဇာတ်လမ်းတွဲများ ထုတ်လွှင့်ပြသမှုကို နှစ်ပေါင်းငါးဆယ်ကျော်အကြာမှာ ရပ်ဆိုင်းဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်လုပ်ရေးကုမ္ပဏီ Toei မှ သတင်းထုတ်ပြန်ပါတယ်။
၁၉၇၅ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ Super Sentai ဇာတ်လမ်းတွဲများဟာ အခုပြသနေတဲ့ “No.1 Sentai Gozyuger” ဇာတ်လမ်းတွဲနဲ့ နောက်ဆုံးအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။
ဇာတ်လမ်းတွဲကို ရပ်ဆိုင်းလိုက်ရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ ရိုက်ကူးရေးစရိတ်များပြားခြင်းနဲ့ ဆက်စပ်ပစ္စည်း (Merchandise) ရောင်းချမှုကနေ ဝင်ငွေရရှိမှု နည်းပါးလာခြင်း တို့ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
Super Sentai ဟာ ဂျပန်ရုပ်ရှင်အမျိုးအစားတစ်ခုဖြစ်တဲ့ Tokusatsu (အထူးပြုလုပ်ချက်များပါဝင်သော ရုပ်ရှင်/ဇာတ်လမ်းတွဲ) ရဲ့ အဓိကကျတဲ့ ထုတ်လုပ်မှုတစ်ခုဖြစ်တာကြောင့် အခုလိုဖျက်သိမ်းလိုက်ခြင်းက Tokusatsu ပရိသတ်များအကြား ကြီးမားတဲ့ ဂယက်တစ်ခု ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်ပါတယ်။
#mercury#mercurynews#supersentai#ဂျပန်#အနုပညာ
