Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆရာမောင်သာချို ကွယ်လွန်

——————————-

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၁၀)ရက်

ကဗျာဆရာ၊စာရေးဆရာ ဆရာမောင်သာချို ကွယ်လွန်သွားတယ်လို့ စာပေလောကမှ သိရပါတယ်။

ဆရာမောင်သာချိုဒီနေ့ဇူလိုင်(၁၀)ရက်မနက်(၈)နာရီမှာကွယ်လွန်ခဲ့တယ်လို့ ကာတွန်းဆရာ၊စာရေးဆရာ အော်ပီကျယ်က ဖော်ပြထားပါတယ်။

ဆရာမောင်သာချိုနဲ့ ပတ်သက်လို့ စာရေးဆရာမ မစန္ဒာက “ဆရာမောင်သာချိုရောဂါသည်းနေလို့ ပင်လုံဆေးရုံကြီးမှာတင်ထားတယ်ဆိုတာတော့သိရပါတယ်။ ဆီးကျိတ်ကင်ဆာနဲ့ပါ။ ဆရာမတို့နဲ့တွေ့တာတော့ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဆရာဦးဝင်းငြိမ်းလုပ်တဲ့ပွဲမှာတော့ နောက်ဆုံးတွေ့ခဲ့တာပါ။ဆရာက စာပေဟောပြောပွဲတွေမှာ ပရိတ်သတ်တွေရဲ့ အားပေးမှုအများဆုံး၊လက်ခုပ်သံအများဆုံး စာရေးဆရာတစ်ဦးဖြစ်ပါတယ်”လို့ Mercury News ကို ပြောကြားခဲ့ပါတယ်။

ဆရာမောင်သာချိုဟာ ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာဌာနမှာ ဆရာအဖြစ်လည်းကောင်း၊ပြင်ပပညာရှင်အဖြစ် လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-Mercury Variety

#mercury#mercurynews#မြန်မာ#စာပေ#မောင်သာချို