Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆီစက်လုပ်ငန်းများကို ပုဂ္ဂလိကဘဏ်များပါထုတ်ချေးရေးနှင့် သိန်း(၅၀၀၀)

(၁၀၀၀၀)ထိတိုးမြှင့်ထုတ်ချေးရေးဆွေးနွေးနေ

—————————————————————————————–

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၇)ရက်

ဆီစက်လုပ်ငန်းတွေကို နိုင်ငံပိုင်ဘဏ်တွေဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အပြင် ပုဂ္ဂလိကဘဏ်တွေပါဝင်ဆောင်ရွက်ချေးပေးနိုင်ရေးကို ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဒီ့အပြင် အများဆုံးချေးငွေကျပ်သိန်း(၃၀၀၀)ချေးနေရာမှသိန်း(၅၀၀၀)အထိတိုးမြှင့်ချေးနိုင်ရန် ကုမ္ပဏီအစုအဖွဲ့ တွေ၊ ဆီစက်အကြီး တွေစက်အသစ်တည်ဆောက်ခြင်း၊တိုးချဲ့တပ်ဆင်ခြင်းအတွက် ငွေကျပ်သိန်း(၁၀၀၀၀)ထိတိုးမြှင့်ထုတ်ချေးဖို့ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

အဲဒီလိုဆွေးနွေးတာကို ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့အစည်းအဝေးမှာ ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#ဆီစက်#မြန်မာ#ပြည်တွင်းသတင်း