Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆီဆိုင်မြို့နယ်၊ သီရိရပ်ကွက်တွင် ညပိုင်း မီးလောင်မှုဖြစ်ပွား

၂၀၂၅၊ဒီဇင်ဘာလ၊၁၇ရက်

ရှမ်းပြည်နယ် (တောင်ကြီးခရိုင်)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ မနေ့က ညပိုင်းက မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မီးလောင်မှုဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ ည (၈) နာရီ (၃၄) မိနစ်ခန့်က ဆီဆိုင်မြို့၊ သီရိရပ်ကွက်မှာ ဆီဆိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီးတို့ ထွက်ခွာကာ မီးငြှိမ်းသတ်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြပါတယ်။

မီးလောင်ပြီး မိနစ် ၂၀ ကျော်အကြာ ည (၈) နာရီ (၅၅) မိနစ်အချိန်မှာ မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

#mercury#mercurynews#မြန်မာ#မီးလောင်#ပြည်တွင်းသတင်း