Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆီးဂိမ်းစ်အကြို လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းတွင် ခြေစမ်းပွဲများကန်မည်

—————————————————————————————–

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၄)ရက်

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းဟာ ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် ဒီနေ့ (အောက်တိုဘာ ၂၄ရက်)မနက်ပိုင်းက ထိုင်းနိုင်ငံသို့ လေ့ကျင့်ခြေစမ်းခရီး ထွက်ခွာသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအမျိုးသမီး ဖူဆယ်အသင်း အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာအောက်တိုဘာ ၂၄ မှ ၃၁ ရက်အထိ နေထိုင်ပြီး ထိုင်းအမျိုးသမီး လက်ရွေးစင်ဖူဆယ်အသင်း အပါအဝင် အမျိုးသမီး ဖူဆယ်ကလပ် အချို့နဲ့လည်း လေ့ကျင့်ခြေစမ်းပွဲတွေ ကစားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ထိုင်းလူမျိုးနည်းပြ Mr. Prasert Innui မှ တာဝန်ယူကိုင်တွယ်နေပြီး ထိုင်းလေ့ကျင့် ခြေစမ်းခရီးစဉ်သို့ ပဏာမ ကစားသမား ၂၂ ဦး လိုက်ပါသွားတယ်လို့ သိရပါတယ်။

#mercury#mercurynews#ဆီးဂိမ်း#မြန်မာ#ဖူဆယ်#ဘောလုံး