Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆီးဂိမ်းပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်း-မလေးရှားနှင့်ယနေ့ကန်မည်၊ရုပ်သံလိုင်းများမှ တိုက်ရိုက်ကြည့်နိုင်


မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ ဒီကနေ့ ဒီဇင်ဘာလ(၈)ရက်ညနေပိုင်းမှာ မလေးရှားအမျိုးသမီးလက်ရွေးစင် အသင်းနဲ့ကန်ဖို့ရှိနေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအမျိုးသမီးလက်ရွေးစဉ်အသင်းအနေဖြင့် အုပ်စုဒုတိယပွဲစဉ်အဖြစ်မလေးရှားနဲ့ကန်မှာဖြစ်ပြီး ထိုင်းနိုင်ငံရှိ TNSU Chonburi Stadiumမှာ ကန်ကြမှာဖြစ်ပါတယ်။
ဆီးဂိမ်းစ်မြန်မာအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်ပထမပွဲမှာ မြန်မာက ဖိလစ်ပိုင်ကို (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရပြီး ပွဲဦးထွက်လှခဲ့တယ်လို့ သိရပါတယ်။