——————————————————————————————-
၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၁၁)ရက်
(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(SEAGAMES)အတွက် လက်ရွေးစင် အလေးမအားကစားသမားများစိစစ်ရွေးချယ်ခဲ့သလို လူငယ်အလေးမကစားသမားတွေ စံချိန်ဆန်းစစ်ပြိုင်ပွဲတွေကျင်းပခဲ့တယ်လို့ သိရပါတယ်။
ပြိုင်ပွဲမှာ နေပြည်တော်တွင်း စခန်းဝင် လေ့ကျင့်လျက်ရှိတဲ့အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)နှင့် လူငယ်အားကစား လေ့ကျင့် ရေးစခန်း Youth Camp တို့မှ အလေးမ အားကစား သမား စုစုပေါင်းအင်အား(၂၄)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ဆိုပါတယ်။
အမျိုးသမီး(၆၃)ကီလိုတန်း နဲ့ အမျိုးသား (၉၄) ကီလိုတန်းအမြန်မ၊ နှစ်ဆင့်မပြိုင်ပွဲတို့မှာ သူဇာခင်နဲ့ဝင်းနိုင်ထွန်းတို့က မြန်မာပြည်စံချိန်သစ်တွေတင်နိုင်ခဲ့ပြီးဆုတွေချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#အလေးမ#မြန်မာ#ဆီးဂိမ်း#ပြည်တွင်းသတင်း