၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၂၀)ရက်
ဇာတ်အဖွဲ့တစ်ဖွဲ့ဖျော်ဖြေစဉ် ကလေးတစ်ဦးကို ဂုဏ်သိက္ခာထိခိုက်စေတဲ့ အပြုအမှုဖြစ်ပေါ်ခဲ့လို့အဲဒီ့ဇာတ်အဖွဲ့ကို စုံစမ်းစိစစ်နေတယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး ထုတ်ပြန်လိုက်ပါတယ်။
နှစ်ပါးသွားအစီအစဉ် ဖျော်ဖြေစဉ် ကလေးတစ်ဦးကို စင်ပေါ်ခေါ်ပြီး ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနဲ့ပတ်သက်ပြီးစိစစ်နေတာဖြစ်တယ်လို့ဆိုပါတယ်။
လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံလျက်ရှိသည့် အပြင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) Page သို့ လည်းကောင်း၊
ဗဟိုသဘင်အလုပ်အမှုဆောင်များထံသို့လည်းကောင်း တိုင်ကြားမှုများ လက်ခံရရှိ နေတဲ့ဇာတ်သဘင်အဖွဲ့တစ်ဖွဲ့ဟာ နှစ်ပါးသွား အစီအစဉ် ဖျော်ဖြေနေစဉ် ပရိတ်သတ်အတွင်းမှ ကလေးငယ်တစ်ဦးအား ဇာတ်စင်ပေါ်သို့ ခေါ်ယူပြီး
အမြင်မသင့်သော ကလေးသူငယ် ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာပြုမူခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ များစွာစိတ်မကောင်း ဖြစ်ရတယ်လို့လည်း အစည်းအရုံးက ဖော်ပြထားပါတယ်။
အဲဒီ့ကိစ္စရပ်အတွက် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် စုံစမ်းစိစစ်လျက်ရှိကြောင်းနဲ့ နောက်ဆက်တွဲ အခြေအနေများအား ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ကြေညာပါတယ်။
သဘင်အစည်းအရုံးရဲ့ထုတ်ပြန်ချက်မှာ ဇာတ်အဖွဲ့ရဲ့ နာမည်ကို ထုတ်ဖော်ရေးသားထားခြင်းမရှိပေမယ့် လူမှုကွန်ရက်ပေါ်မှာတော့အောင်ဇဗ္ဗူဇာတ်အဖွဲ့ကဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။
