Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ညသန်းခေါင်ကျော်၊ရာဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွား

———————————-

၂၀၂၅ခုနှစ်၊ဇွန်လ၊(၂၄)ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်နဲ့စွပ္ပနူးကျေးရွာကြားရှိ ရာဘာမှိုင်းခံရုံမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

ဇွန်လ(၂၄)ရက်၊ညပိုင်း၀၂ ၂၅ အချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီ့ဖြစ်စဉ်မှာ ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျိုက္ကသာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၄ ၁၄ အချိန် မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

#mercury#mercurynews#မီးသတ်#မြန်မာ#ပြည်တွင်းသတင်း