၂၀၂၅ခုနှစ်၊ဇွန်လ၊(၉)ရက်
ညသန်းခေါင် ဗိုလ်တထောင်၊ကမ်းနားလမ်း(ကတ္တရာလမ်းမ)ပေါ်မှာ ဒဏ်ရာဖြင့်လဲကျနေသူကို ရန်ကုန်ဆေးရုံကြီး ပို့ခဲ့တယ်လို့ ” ရှင်သန်ရေး “ကူညီမှုအသင်းမှ သိရပါတယ်။
ဇွန်လ(၈)ရက် ညသန်းခေါင်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း(ကတ္တရာလမ်း)ပေါ် (ကွန်ကရိလမ်း လမ်းဖြတ်သန်းခ ကောက်ခံရေးစခန်းအနီး)တွင် ဒဏ်ရာဖြင့် လဲနေတာဖြစ်ပါတယ်။
အဲဒီ့လူနာဟာ DENKO Co: ဝန်ထမ်းဝတ်စုံ ဝတ်ဆင်ထားသဖြင့် ” ရှင်သန်ရေး “ကူညီမှုအသင်းဟာ DENKO Oil station သို့ အကြောင်းကြားပြီး လူနာ အလုပ်လုပ်ရာ သာကေတ ဆီဆိုင်မှ တာဝန်ရှိသူများ၊ လူနာရဲ့မိသားစုများအား အသင်းကားဖြင့် YGHသို့ အမြန် ပို့ဆောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း