Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ညောင်ခြေထောက်နှင့်အိုးဘိုကုန်းကြား တံတားကျွံ့ကျ၊သတိထားမောင်းနှင်ရန်လို

ရန်ကုန် -မန္တလေး(လမ်းဟောင်း)ပေါ်ရှိ ညောင်ခြေထောက်မြို့ နဲ့ အိုးဘိုကုန်းကျေးရွာကြားရှိ တံတားမှာ ကျွံ့ကျသွားတယ်လို့ ပဲခူးဒေသခံအချို့က ဖော်ပြထားပါတယ်။

စက်တင်ဘာလ(၁၅)ရက်၊ညနေ ၃:၃၀ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားများဖြတ်သန်းမောင်းနှင်ဖို့ မဖြစ်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့်မို့လို့ ဖြူး ဆားဂွန်းလမ်းမှ အမြန်လမ်းမကြီးပေါ် တက်ပြီး ညောင်ခြေထောက် နှင့် အမြန်လမ်း ( အနည်းငယ်ကြမ်း ) အုတ်တွင်း နှင့် အမြန်လမ်း ကွေ့ပါတ်မောင်းနှင်ကြဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

#mercurynews#ပြည်တွင်းသတင်း