Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တက္ကဆက်ရေဘေးအတွက် Dallas Cowboys အသင်းမှဒေါ်လာ ၅၀၀,၀၀၀ လှူဒါန်းခဲ့

———————————

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၇)ရက်

အမေရိကန်၊တက္ကဆက်ရေဘေးအတွက် Dallas Cowboys ဒါလပ်စ် ကောင်ဘွိုင်းစ် ဘောလုံးအသင်းကဒေါ်လာ ၅၀၀,၀၀၀ လှူဒါန်းခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါလပ်စ် ကောင်ဘွိုင်းစ် ဘောလုံးအသင်းက တက္ကဆက်ပြည်နယ် ဟီးလ်ကန်ထရီဒေသကို ဖျက်ဆီးခဲ့တဲ့ ရေကြီးမှုကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ကူညီဖို့အတွက် ကယ်ဆယ်ရေးတပ်ဖွဲ့ (The Salvation Army) ကို ဒေါ်လာ ၅၀၀,၀၀၀ လှူဒါန်းခဲ့တယ်လို့ ဇူလိုင်(၆)ရက်တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အလယ်ပိုင်းမှာ ဇူလိုင် ၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ခဲ့တာကြောင့် ကလေး ၁၅ ဦး အပါအဝင် လူ ၄၃ ဦး သေဆုံးခဲ့ရပြီး ပျောက်ဆုံးသူတွေလည်းရှိ‌နေတယ်လို့ သိရပါတယ်။

#mercury#mercurynews#တက္ကဆက်#နိုင်ငံတကာသတင်း