၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၂၇)ရက်
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ပါဝင်ဖြေဆိုခဲ့တဲ့ အကျဉ်းသားအားလုံး စုစုပေါင်း(၁၆)ဦးစလုံး စာမေးပွဲအောင်မြင်ခဲ့ပြီး (၁၄) ဦး ဂုဏ်ထူးထွက်ခဲ့တယ်လို့ သိရပါတယ်။
အင်းစိန်ဗဟိုအကျဉ်းထောင် နဲ့ မန္တလေးဗဟိုအကျဉ်း ထောင် (အိုးဘို) ကနေ ဝင်ရောက်ဖြေဆိုတဲ့ ပြစ်ဒဏ်ကျ အကျဉ်းသား (၁၆) ယောက် စလုံးအောင်မြင်ခဲ့ပြီး (၁၄) ယောက်က ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနမှ ဖော်ပြထားပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်ထောင်က အကျဉ်းသား ၆ ယောက် နဲ့ အကျဉ်းသူ ၄ ယောက် စုစုပေါင်း ၁၀ ယောက် ဝင်ရောက် ဖြေဆိုရာ အားလုံး အောင်မြင်ခဲ့ပါတယ်။
အောင်မြင်သူတွေထဲမှာတော့ ၃ ဘာသာ ဂုဏ်ထူး ၁ ယောက်၊ ၂ ဘာသာ ဂုဏ်ထူး ၃ ယောက် ၊ ၁ ဘာသာ ဂုဏ်ထူး ၄ ယောက် နဲ့ ရိုးရိုးအောင် ၂ ယောက် ဖြစ်ပါတယ်။
အလားတူ မန္တလေးဗဟိုအကျဉ်းထောင်ကနေ ပြစ်ဒဏ်ကျ အကျဉ်းသား ၆ ယောက် ဝင်ရောက် ဖြေဆိုရာမှာလည်း အားလုံး အောင်မြင်ပါတယ်။
အောင်မြင်သူတွေထဲမှာ ၃ ဘာသာဂုဏ်ထူးရသူ ၅ ယောက် နဲ့ ၂ ဘာသာ ဂုဏ်ထူးရသူ ၁ ယောက် ဖြစ်ပါတယ်။
ဒါကြောင့်မို့ အင်းစိန်ဗဟိုအကျဉ်းထောင်နဲ့ မန္တလေးဗဟိုအကျဉ်းထောင်တွေမှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခဲ့တဲ့ အကျဉ်းသားတွေဟာ ရာနှုန်းပြည့် အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ-Credit
#တက္ကသိုလ်၀င်စာမေးပွဲ#Mercury#mercurynews#ပြည်တွင်းသတင်း #