Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တက္ကသိုလ်ဝင်တန်းပြန်ဖြေသူများထဲတွင် ငလျင်ဒဏ်ခံရဆုံးမန္တလေးတိုင်းမှ ပျက်ကွက်သူအများဆုံးဖြစ်နေ

———————

၂၀၂၅ခုနှစ်၊ဇွန်လ၊(၁၉)ရက်

ငလျင်ဒဏ်ကြောင့် ဖြေဆိုလွှာတွေမီးလောင်ကျွမ်းသွားတဲ့အတွက် ဇွန်လအတွင်း ပြန်လည်ဖြေဆိုခဲ့ရပြီးမြန်မာစာမှသင်္ချာဖြေဆိုတဲ့နေ့အထိတက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုသူစုစုပေါင်း(၆၂၇၉၂)ရှိတယ်လို့သိရပါတယ်။

မြန်မာစာနေ့မှာ ကချင်၊စစ်ကိုင်း၊မန္တလေး၊နေပြည်တော်မှတက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုသူ(၆၂၈၂၄)ဦးရှိခဲ့ပြီး သင်္ချာနေ့မှာတော့ ဖြေဆိုသူ(၆၂၇၉၂)ဦးသာ ရှိပြီး ပျက်ကွက်သူ(၈၈၁)ဦး ရှိတယ်လို့ ဆိုပါတယ်။

ဖြေဆိုသူအများဆုံးနဲ့ ပျက်ကွက်သူအများဆုံးကတော့ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ဖြေဆိုသူ(၃၃၇၆၃)ဦးမှာ(၄၇၈)ဦးပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တက္ကသိုလ်ဝင်တန်းပြန်ဖြေတဲ့ ရာခိုင်နှုန်း (၉၈.၆၂)ရာ ခိုင်နှုန်းရှိခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

#MercuryNews#Mercury#Education#ပညာရေး#တက္ကသိုလ်ဝင်တန်း

May be an image of 14 people, people studying and text