——————————————————————
၂၀၂၆ ခုနှစ်၊ဇန်နဝါရီ( ၂၂)ရက်
တစ်နှစ်တာအတွင်းမြန်မာမှာ နိုင်ငံခြားသားကျားဖြန့် (၁၄၁၅၁) ဦးဖမ်းဆီးရမိပြီး (၁၂၁၇၆) ဦးကိုသက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ပေးအပ်ခဲ့တာဖြစ်ပြီး အခုရက်ပိုင်းမှာလည်း ကျားဖြန့် လိမ်လည်မှုတွေကို ကျူးလွန်တဲ့ ဗီယက်နမ်နဲ့စင်ကာပူနိုင်ငံသား(၂၄)ဦးကို မြန်မာမှထပ်မံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းမှ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၂၂ ဦးနှင့် စင်ကာပူနိုင်ငံသား နှစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ၂၄ ဦးတို့ကို ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။
မြန်မာ- ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက် ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှုပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီလွှဲပြောင်းပေးခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
