Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တမီးလ်သရုပ်ဆောင် ဗီဂျေး၏ မဲဆွယ်ပွဲတွင် လူတိုးဝှေ့မှုကြောင့် ၃၆ ဦးသေဆုံး

အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူပြည်နယ်တွင် နာမည်ကျော် တမီးလ်သရုပ်ဆောင်နဲ့ နိုင်ငံရေးသမား ဗီဂျေး (Vijay) ရဲ့ မဲဆွယ်စည်းရုံးပွဲအတွင်း လူတိုးဝှေ့မှုများ ဖြစ်ပွားခဲ့ရာ လူ ၃၆ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် အမ် ကေ စတာလင်က ကြေညာခဲ့ပါတယ်။

X လူမှုကွန်ရက်ပေါ်ရှိ ဝန်ကြီးချုပ်ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူများထဲမှာ ကလေးငယ် ၈ ဦးနဲ့ အမျိုးသမီး ၁၆ ဦးပါဝင်ခဲ့သလို ၅၈ဦး ဒဏ်ရာရခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ် ဗီဂျေးဟာ တမီးလ်ရုပ်ရှင်နယ်ပယ်ရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး မဲဆွယ်ပွဲမှာ လူအုပ်ကို မိန့်ခွန်းပြောနေစဉ် လူတိုးဝှေ့မှုများကြောင့် ကသောင်းကနင်းဖြစ်ကာ မိန့်ခွန်းပြောဆိုမှုကို ရပ်နားလိုက်ရပါတယ်။

ယခုဖြစ်ရပ်အပေါ် ဗီဂျေးက စိတ်ထိခိုက်ကြေကွဲရကြောင်း၊အသက်ဆုံးရှုံးခဲ့သူများရဲ့ကျန်ရစ်သူမိသားစုဝင်များနဲ့ ထပ်တူဝမ်းနည်းရကြောင်း ထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#အန္ဒိယ#ဗီဂျေး