Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဖယ်ထုတ်၍ သန်းခေါင်စာရင်းကောက်ရန် ထရမ့် အမိန့်ပေး

၂၀၂၅၊ဩဂုတ်လ၊၉ရက်
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖယ်ထုတ်ပြီး သန်းခေါင်စာရင်းအသစ်တစ်ခုကို ချက်ချင်းစတင်ကောက်ခံဖို့ အမိန့်ပေးခဲ့တယ်လို့ ဇူလိုင် ၇ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
သမ္မတထရမ့်က ၎င်းရဲ့ Truth Social လူမှုကွန်ရက်မှာ “အသစ်ဖြစ်သော၊ တိကျမှုမြင့်မားသော၊ မျက်မှောက်ခေတ် အချက်အလက်တွေနဲ့ ကိန်းဂဏန်းတွေကို အခြေခံထားတဲ့ သန်းခေါင်စာရင်းသစ် ချက်ချင်းစတင်ကောက်ခံဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနကို ညွှန်ကြားထားပြီးပါပြီ။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲက ရရှိတဲ့ရလဒ်နဲ့ အချက်အလက်တွေကို အသုံးပြုနိုင်ရေးက အရေးကြီးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် “ကျွန်တော်တို့နိုင်ငံမှာ တရားမ၀င်နေထိုင်သူတွေကို သန်းခေါင်စာရင်းမှာ ထည့်မတွက်ပါဘူး” လို့လည်း ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်။
တကယ်တော့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ဖယ်ထုတ်ပြီး သန်းခေါင်စာရင်းကောက်ခံဖို့ ထရမ့်ကြိုးစားခဲ့တာဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ သူရဲ့ ပထမဆုံးသမ္မတသက်တမ်းဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း ဒီလိုလုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း သမ္မတအမိန့်စာချွန်လွှာနဲ့ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေရဲ့ မဲများမပါဝင်စေဖို့ ကြိုးပမ်းခဲ့ပေမဲ့ တရားရုံးမှာ စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရပြီးနောက် ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်။
ဒီတစ်ကြိမ်မှာလည်း ထရမ့်ရဲ့ ဒီလုပ်ရပ်ဟာ တရားရုံးမှာ စိန်ခေါ်ခံရနိုင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံရေးပဋိပက္ခတွေ ပိုမိုဖြစ်ပေါ်လာနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။