တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှမန်မြို့မှာ ကျင်းပတဲ့ (၂၅) ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲ (The 25th China International Fair for Investment and Trade-CIFIT) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၉ ရက်မှာ ရှမန်နှလုံးသွေးကြောရောဂါကုဆေးရုံ၊ ရှမန် တက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ရှမန်နှလုံးသွေးကြောရောဂါကုဆေးရုံ၊ ရှမန်တက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးလဲလှယ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ရှမန်မြို့ရှိနိုင်ငံတကာမှ လာရောက်ပြသထားသော ပြခန်းများရှိ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေ၊ နည်းပညာသစ်တွေနဲ့ စီးပွားရေး ကဏ္ဍအမျိုးမျိုးကို သွားရောက်လေ့လာခဲ့ကြတဲ့အပြင် ခရီးစဉ်အတွင်း ရှမန်မြို့ရှိ ICT နည်းပညာဆိုင်ရာ Software Park သို့ သွားရောက်လေ့လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ဆွဲဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
#Mercury#ပြည်တွင်းသတင်း#ကျန်းမာရေးဆိုင်ရာ#MOU #