Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တရုတ်မင်းသမီး ရှင်ကျီလေ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု ရရှိ

၈၂ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ တရုတ်မင်းသမီး ရှင်ကျီလေ့ (Xin Zhilei) က “The Sun Rises on Us All” (တရုတ်အမည်- Ri Gua Zhong Tian) ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

​တရုတ်ရုပ်ရှင်ဒါရိုက်တာ ချိုင်ရှန်ကျွင်း (Cai Shangjun) ရိုက်ကူးခဲ့တဲ့ အဲ့ဒီဇာတ်ကားဟာ ကံကြမ္မာကြောင့် ကတိသစ္စာမတည်နိုင်ခဲ့တဲ့ ချစ်သူဟောင်းနှစ်ဦးရဲ့ကြေကွဲဖွယ်အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာဖြစ်ပြီး၊ ရှင်ကျီလေ့က အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

​၈၂ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို ဩဂုတ်လ ၂၇ ရက်က‌နေစက်တင်ဘာ ၆ ရက်အထိ အီတလီနိုင်ငံ၊ လီဒိုကျွန်းမှာ ကျင်းပခဲ့ပြီး အဓိကပြိုင်ပွဲအမျိုးအစားမှာ ရုပ်ရှင်ကားပေါင်း ၂၁ ကား ယှဉ်ပြိုင်ခဲ့ကြပါတယ်