Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တရုတ်မှ မြန်မာငလျင်ကယ်ဆယ်‌ရေးအတွက်ရွေ့လျားခွဲစိတ်ခန်း(၉၅)စုံထပ်မံရောက်ရှိ

————————————-

၂၀၂၅ခုနှစ်၊မေလ၊(၁၅)ရက်

တရုတ်မှ မြန်မာငလျင်ကယ်ဆယ်‌ရေးအတွက် အ သုံးပြုရန်ရွေ့လျားခွဲစိတ်ခန်း(၉၅)စုံ၊Prefabricated House နှင့် ဆက်စပ်ပရိဘောဂများ စုစုပေါင်း ၁၈၀၄ စုံရောက်ရှိလာတယ်လို့ သိရပါတယ်။

မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၄ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းအဖြစ် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ဆက်တိုက်ရောက်ရှိခဲ့လာခဲ့တာဖြစ်ပါတယ်။

မေလ ၁၄ ရက်နေ့ နံနက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing က ဆိပ်ကမ်းမှာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#တရုတ်#ပြည်တွင်းသတင်း