တရုတ်လုပ်ငန်းကုမ္ပဏီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းတိုးတက်အောင် ဆောင်ရွက်ဖို့ကြိုဆိုကြောင်း၊ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ ထိပ်တန်းအကြံပေး Muhammad Yunus က ပြောကြားခဲ့ပါတယ်။
ဇွန် ၁ ရက်နေ့က ဒါကာမြို့မှာ ကျင်းပတဲ့ တရုတ်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ညီလာခံမှာ “တရုတ်ရင်းနှီးမြှုပ်နှံမှုများဟာ ဘင်္ဂလားဒေ့ရှ်ပြည်သူများအတွက် စီးပွားရေးဖွံ့ဖြိုးမှုနဲ့ လူမှုကောင်းမွန်ရေးအတွက် အထောက်အကူပြုနိုင်မယ်”လို့ Muhammad Yunus က ပြောခဲ့တာပါ။
Muhammad Yunus က ထပ်မံပြီး တရုတ်လုပ်ငန်းကုမ္ပဏီများဟာ ကမ္ဘာ့ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ ဦးဆောင်နေကြောင်း၊ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်ရေးစင်တာအဖြစ် သဘောထားရန် မျှော်လင့်ပေးဖို့ တိုက်တွန်းသွားပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#တရုတ်#ဘင်္ဂလားဒေ့ရှ်