တရုတ်သမ္မတ ရှီကျင့်ဖိန်ဟာ တနင်္လာနေ့က တီယန်ကျင်းမြို့မှာ ကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO Plus) ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေး အစပျိုးဆောင်ရွက်မှု (Global Governance Initiative – GGI) အဆိုပြုချက်ကို တင်သွင်းခဲကြောင်း သိရပါတယ်။
သမ္မတ ရှီက “ပိုမိုမျှတပြီး တန်းတူညီမျှတဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်နှင့် လူသားမျိုးနွယ် ချိတ်ဆက်ထားတဲ့ အနာဂတ်အသိုက်အဝန်းဆီ ဦးတည်သွားဖို့အတွက် နိုင်ငံအားလုံးနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
GGI အတွက် အဓိကမူငါးချက် အဖြစ်
၁. နိုင်ငံများရဲ့ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို လိုက်နာရန်
၂. နိုင်ငံတကာ တရားဥပဒေစိုးမိုးမှုကို လိုက်နာရန်
၃. ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို ကျင့်သုံးရန်
၄. ပြည်သူကို ဗဟိုပြုသည့် ချဉ်းကပ်မှုကို မြှင့်တင်ရန်
၅. လက်တွေ့ကျသည့် ဆောင်ရွက်မှုများကို အဓိကထား လုပ်ဆောင်ရန် ဆိုတာတွေကို တရုတ်သမ္မတ ရှီကျင့်ဖိန်က မီးမောင်းထိုးပြခဲ့ပါတယ်။
တရုတ်သမ္မတရဲ့ ယခုအဆိုပြုချက်ဟာ လက်ရှိကမ္ဘာ့အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်နဲ့ နိုင်ငံတကာမှာ တရုတ်နိုင်ငံရဲ့ ဦးဆောင်မှုကို မြှင့်တင်ရန် ရည်ရွယ်နေတယ်လို့ နိုင်ငံတကာသုံးသပ်သူများက ရှုမြင်နေကြပါတယ်။
#mercury#mercurynews#တရုတ်#နိုင်ငံတကာသတင်း