Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တရုတ်အာကာသယာဉ်မှူးများကိုယ်တိုင်ရိုက်ကူးထားသည့် Shen Zhou 13ရုပ်ရှင်ပြပွဲရန်ကုန်၌ကျင်းပ

—————————————————————————————

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၁၆)ရက်

တရုတ်အာကာသယာဉ်မှူးတွေ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ‘Shen Zhou 13’ မှတ်တမ်းရုပ်ရှင်

ရုပ်ရှင်ပြပွဲရန်ကုန်မှာကျင်းပခဲ့တယ်လို့ သိရပါတယ်။

“Shenzhou 13” မှတ်တမ်းရုပ်ရှင်ဟာ အာကာသယာဉ်မှူး Zhai Zhigang၊ Wang Yaping နဲ့ Ye Guangfu တို့ကိုယ်တိုင် သူတို့ရဲ့ ခြောက်လကြာ အာကာသစခန်း တာဝန်ထမ်းဆောင်စဉ်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အသုံးပြုထားတာပါ။

အဲဒီ့မှတ်တမ်းရုပ်ရှင်ပြသရတဲ့ရည်ရွယ်ချက်ကို ‘’မတူညီတဲ့နိုင်ငံအသီးသီးကကျောင်းသား၊ ကျောင်းသူတွေ အာကာသအသိပညာကိုအတူတူလေ့လာပြီး သိပ္ပံနည်းပညာရဲ့စွမ်းအားကို သိရှိနားလည်ဖို့ရည်ရွယ်ပါတယ်”လို့ China Media Groupမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါ တယ်။

တရုတ်အာကာသယာဉ်မှူးတွေ ကိုယ်တိုင်ရိုက်ကူးထားကာ စိတ်ဝင်စားစရာကောင်းတဲ့ “Shenzhou 13” အမည်ရှိသော ရုပ်ရှင်ပြပွဲကို အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှု စင်တာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲဒီ့အာကာသခရီးစဉ်ဟာ ရက်ပေါင်း ၁၈၂ ရက်ကျော် ကြာမြင့်ခဲ့ပြီး အာကာသအတွင်း တရုတ်အာကာသယာဉ်မှူးတွေရဲ့ တစ်ကြိမ်တည်းဖြင့် ရက်အကြာဆုံး နေထိုင်မှု စံချိန်တင်ခဲ့ကြောင်း၊

အာကာသစခန်းအတွင်း နေထိုင်အလုပ်လုပ်ခြင်း၊ အာကာသစခန်းအပြင်ဘက်မှာ လမ်းလျှောက်မှု (Spacewalks) နှစ်ကြိမ် လုပ်ဆောင်ခြင်း၊ သိပ္ပံစမ်းသပ်မှုများ ပြုလုပ်ခြင်းတို့ဖြင့် လုပ်ဆောင်ခဲ့ပါတယ်။

ရုပ်ရှင်ပြပွဲအခမ်းအနားကို China Media Group နှင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတို့ ပူးပေါင်းကျင်းပခြင်းလည်းဖြစ်ပြီး ရန်ကုန်အခြေစိုက်တရုတ်ဘာသာစကား သင်တန်းကျောင်းများမှ ကျောင်း သား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကာ စိတ်ဝင်တစားကြည့်ရှုခဲ့ကြပါတယ်။

Photo Credit – မူရင်း

#mercury#mercurynews#မြန်မာ#တရုတ်#အာကာသ#ပြည်တွင်းသတင်း