တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၀ ရက်မှ ၁၁ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပခဲ့ပြီး အရေးကြီးတဲ့ သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
တရုတ်-အမေရိကန် နှစ်ဘက်လုံးက စီးပွားရေးနှင့် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှု ယန္တရား ထူထောင်ဖို့ သဘောတူခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုမှာ ရရှိခဲ့တဲ့ သဘောတူညီမှု ပူးတွဲ ကြေညာချက်ကို ယနေ့ မှာထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
တရုတ်-အမေရိကန် စီးပွားရေးနဲ့ ကုန်သွယ်မှု ဆက်ဆံရေးဟာ နှစ်နိုင်ငံလုံးအတွက် အရေးပါတဲ့ အနက်အဓိပ္ပာယ်ရှိပြီး ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အရေးကြီးသော အကျိုးသက်ရောက်မှုများလည်း ရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
#mercury#mercurynews#တရုတ်#အမေရိကန်#နိုင်ငံတကာသတင်း