–
(၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံမှဆန်အမျိုးအစား (၂၀)ခန့်ကို ပါဝင်ပြသခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ သိရပါတယ်။
ကုန်စည်ပြပွဲ (CAEXPO)မှာမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ အသင်းဝင်ကုမ္ပဏီများ ဖြစ်တဲ့ SWY Group ၊ GBS Group၊ Wilmar Group၊ Vivo Group နှင့် Benchmark Marine & Agro Export Co.,Ltdတို့မှ ပြခန်းများ ဖွင့်လှစ်ပြီး၊ ဆန်အမျိုးအစား (၂၀)ခန့်ကို ပါဝင်ပြသခဲ့ကြတယ်လို့ဆိုပါတယ်။
(၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ နန်နင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာမှာ (၁၇.၉.၂၀၂၅)ရက်နေ့မှ (၂၁.၉. ၂၀၂၅)ရက်အထိ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#ဆန်စပါး#မြန်မာ#ပြည်တွင်းသတင်း