Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တာချီလိတ်တွင် မယ်ဆိုင်ချောင်းရေတက်ပြီး ရေကြီးနိုင်၍ သတိပေးချက်ထုတ်ပြန်

——————————————————————————————————————

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၊(၁)ရက်

မယ်ဆိုင်ချောင်းရေဟာ နိုဝင်ဘာလ(၁)ရက်မှာ တာချီလိတ်(လွယ်တော်ခမ်းကျေးရွာ)မှာ မြို့ရဲ့ စိုးရိမ်ရေအမှတ်အောက်ပေဝက်ခန့်ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

အဲဒီ့ မယ်ဆိုင်ချောင်းရေဟာ နောက်တစ်ရက်အတွင်း တာချီလိတ်မြို့ရဲ့ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။

ဒါကြောင့်မို့လို့ တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနဲ့မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ကြိုတင်သတိပြုနိုင်ဖို့နဲ့ ချောင်းရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ဖို့ သတိပေးထားပါတယ်။

#mercury#mercurynews#တာချီလိတ်#မြန်မာ#ပြည်တွင်းသတင်း