ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဘူတာရုံရပ်ကွက် မှာ ဒီနေ့ ဇန်နဝါရီလ ၂၀ရက် မနက် ၇နာရီ ၂၉မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မနက် ၇နာရီ ၃၅မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ၇နာရီ၄၀မိနစ်မှာတော့ မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
