တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ”နဲ့ လေဖိအားနည်းရပ်ဝန်းကြားမြန်မာနိုင်ငံရောက်နေလို့ နိုင်ငံတဝှမ်း
မိုးသက်လေပြင်းတိုက်ဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။
တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၂၄-၉-၂၀၂၅ ရက်နေ့မှာ တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသများမှတစ်ဆင့် ၂၅-၉-၂၀၂၅ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကမ်းခြေဒေသများကို အပူပိုင်းမုန်တိုင်းအဖြစ်ဖြင့် ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းရထားပါတယ်။
စက်တင်ဘာလ(၂၃)ရက်မှာတော့မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှာနေရာကျဲကျဲ၊ နေပြည်တော်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းများဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးဆက်လက်ပိုနေမှာဖြစ်ပြီး ကမ်းရိုးတန်းဒေသနေထိုင်သူတွေအထူးသတိထားနေထိုင်ကြဖို့လိုအပ်တယ်လို့ သိရပါတယ်။
#mercury #mercurynews #ရာသီဉတု #မိုးလေ၀သ #ပြည်တွင်းသတင်း
See less