Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ ရက်ပိုင်းအတွင်း မိုးပိုများလာ

၂၀၂၅၊မေလ၊၂၃ရက်

မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ပြည်နယ်အများစု မှာ ရက်ပိုင်းအတွင်း မိုးပိုများလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ မိုးပိုများလာနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယနေ့ညနေအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ် တို့မှာ နေရာအနှံ့အပြား၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ နေရာကွက် မိုးကြီးနိုင်ပါတယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။

#MERCURY#mercurynews#မိုးလေဝသ#မြန်မာ#ပြည်တွင်းသတင်း