Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တေလာဆွစ်ဖ်၏အယ်လ်ဘမ်သစ်”The Life of a Showgirl” ဗြိတိန်တွင်၂၀၂၅ ခုနှစ်၏ အရောင်းရဆုံး စံချိန်တင်

ကမ္ဘာကျော် အဆိုတော် တေလာဆွစ်ဖ် (Taylor Swift) ရဲ့ နောက်ဆုံးထွက် တေးအယ်လ်ဘမ်သစ်ဖြစ်တဲ့ “The Life of a Showgirl” ဟာ စတင်ထွက်ရှိတဲ့ ပထမသုံးရက်တာ အတွင်းမှာပဲ ဗြိတိန်နိုင်ငံမှာ ၂၀၂၅ ခုနှစ်ရဲ့ အရောင်းရဆုံး အယ်လ်ဘမ်စံချိန် ကို တင်နိုင်ခဲ့ပါတယ်။

သောကြာနေ့က စတင်ဖြန့်ချိခဲ့တဲ့ အဆိုပါအယ်လ်ဘမ်ဟာ ရောင်းအား အချပ်ရေ ၃၀၄,၀၀၀ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပမာဏဟာ တေလာဆွစ်ဖ်ရဲ့ ယခင်ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်တွေဖြစ်တဲ့ ၂၀၂၄ ခုနှစ်ထုတ် “The Tortured Poets Department” (၂၇၀,၀၀၀ ချပ်) နဲ့ ၂၀၂၂ ခုနှစ်ထုတ် “Midnights” (၂၀၄,၀၀၀ ချပ်) တို့ရဲ့ ပထမအပတ်ရောင်းအား စံချိန်တွေကို ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

တေလာဆွစ်ဖ်ဟာ ရက်ပိုင်းအတွင်း ဒီစံချိန်ကိုတင်နိုင်ခဲ့တာဖြစ်ပြီး၊ ဒါဟာ ၂၀၁၇ ခုနှစ် တုန်းက Ed Sheeran ရဲ့ “Divide” အယ်လ်ဘမ် (၆၇၂,၀၀၀ ချပ်) ရောင်းချခဲ့ရတဲ့ စံချိန်နောက်ပိုင်း ဗြိတိန်မှာ ရက်ပိုင်းအတွင်း ရရှိတဲ့ အအောင်မြင်ဆုံး စံချိန်သစ်တစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိလမ်းကြောင်းအရ “The Life of a Showgirl” အယ်လ်ဘမ်ဟာ ၂၀၂၅ ခုနှစ် တစ်နှစ်တာလုံးအတွက် ရောင်းအားအကောင်းဆုံး တေးအယ်လ်ဘမ် ဖြစ်လာနိုင်ခြေရှိနေပါတယ်။

တေလာဆွစ်ဖ်ရဲ့ ၁၂ ခုမြောက် အယ်လ်ဘမ်ဖြစ်တဲ့ “The Life of a Showgirl” ဟာ အမေရိကန်ပြည်ထောင်စုမှာလည်း စတင်ထွက်ရှိတဲ့ တစ်ရက်တည်း အတွင်းမှာပဲ ၂.၇ သန်း ရောင်းချခဲ့ရပြီး ၎င်းရဲ့ ကိုယ်ပိုင်အရောင်းစံချိန်ကို ပြန်လည်ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဒီအယ်လ်ဘမ်ဟာ ပြီးခဲ့တဲ့နွေရာသီက ဥရောပတစ်လွှား ကျင်းပခဲ့တဲ့ Eras Tour အတွင်းက အမှတ်တရတွေကို မှတ်တမ်းတင်ပြီး ရေးသားဖန်တီးထားတာဖြစ်ကြောင်း သိရပါတယ်။

#mercury#mercurynews#taylorswift#thelifeofshowgirl