Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကိုရီးယားက ကောလိပ်ကျောင်းသား အသတ်ခံရမှုကြောင့် ကမ္ဘောဒီးယား၏ နေရာအချို့အား ခရီးသွားလာခွင့် ပိတ်ပင်

၂၀၂၅၊အောက်တိုဘာလ၊၁၆ရက်

တောင်ကိုရီးယား ကောလိပ်ကျောင်းသားတစ်ဦး ကမ္ဘောဒီးယားမှာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကြောင့် တစ်နိုင်ငံလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီးနောက် တောင်ကိုရီးယားအစိုးရဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့နေရာအချို့ကို တောင်ကိုရီးယား နိုင်ငံသားများ ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်လိုက်ကြောင်း မနေ့က အောက်တိုဘာ ၁၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

တားမြစ်ပိတ်ပင်မှုများ မချမှတ်မီမှာ တောင်ကိုရီးယားနိုင်ငံသား ဒါဇင်ပေါင်းများစွာ ပြန်ပေးဆွဲခံခဲ့ရတဲ့ အလုပ်အကိုင်အတုများနဲ့ “ကျားဖျန့်” (Human Trafficking) ကိစ္စများကို ဆွေးနွေးရန်အတွက် ကိုရီးယားအဖွဲ့တစ်ဖွဲ့ကို ကမ္ဘောဒီးယားသို့ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက “ကမ်ပေါ့ပြည်နယ်ရှိ ဘိုကောတောင်တန်းဒေသ၊ ဘာဗတ်မြို့နှင့် ပွိုင်ပတ်မြို့တို့ကို ခရီးသွားလာရေးတားမြစ်ဇုန်အဖြစ် သတ်မှတ်လိုက်သည်”လို့ တရားဝင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ-AFP

#mercury#mercurynews#ကိုရီးယား#ကမ္ဘောဒီးယား#နိုင်ငံတကာသတင်း