Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကျချောင်းရေ ဒလဟောစီးဝင်လာမှုကြောင့် ညောင်ခြေထောက်မြို့ပြည်သူ့ ဆေးရုံဝန်းအတွင်းရှိလူနာတွေ ပိတ်မိနေ

ပဲခူးတိုင်းဒေသကြီး၊အုတ်တွင်းမြို့နယ်တွင် တောင်ကျချောင်းရေ ဒလဟောစီးဝင်လာမှုကြောင့် ညောင်ခြေထောက်မြို့ပြည်သူ့ ဆေးရုံဝန်းအတွင်းရှိလူနာတွေ ပိတ်မိနေတယ်လို့စက်တင်ဘာလ(၃၀)ရက်မနက်ပိုင်းကသိရပါတယ်။

အဲဒီ့လို ပိတ်မိနေတာကို ဆေးရုံအုပ်က ဖုန်းဆက်လာလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ကူညီကယ်ဆယ်ခဲ့ကြပါတယ်။

အဖွဲ့သားတွေ နိုးကျွဲပွဲ နဲ့ အိုးဘိုကုန်း က မြတ်သောသူ ၊သီတာရေစင် အသင်းတွေချိတ်ဆက်၊ ကမ်းမယ့်လက်များအသင်းကိုဆက်သွယ်ပြီး ရင်ခုန်သံ ရှင်/ကူ အဖွဲ့က လှေ တင်ကားတစ်စီး Ambulance တစ်စီးစေလွှတ်ကြောင်း မေတ္တာရင်ဝယ်အသင်း နဲ့ ဓမ္မရောင်ခြည်ပါ ဆက်သွယ်ကာ လူနာတွေ အမြန်ကယ်ထုတ်ပြီး Ambulance တွေနဲ့ ကျွဲပွဲဆေးရုံ ပို့ဆောင်ခြင်းကိုအုတ်တွင်းမြို့နယ် မီးသတ်ဦးစီးကိုယ်တိုင် ကြီးကြပ် ကူညီပေးခဲ့တယ်လို့ ဒေသခံတွေက ဖော်ပြထားပါတယ်။

#mercury#mercurynews#ရေကြီး#သဘာ၀ဘေး#မြန်မာ#ပြည်တွင်းသတင်း