Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကြီး‘တန်ဆောင်တိုင်မီးပုံးပျံပွဲတော်’တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများစာရင်းပေးသွင်းရန်ဖိတ်ခေါ်

——————————————————————————————-

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၁၁)ရက်

‌တောင်ကြီးမြို့မှာနှစ်စဉ်ကျင်းပလေ့ရှိတဲ့၂၀၂၅ခုနှစ်ရိုးရာမီးပုံးပျံပြိုင်ပွဲအားအဝေရာမီးပုံးပျံကွင်းကြီးမှာ (အောက်တိုဘာလ၂၉.၁၀.၂၀၂၅ မှ နိုဝင်ဘာလ ၄.၁၁.၂၀၂၅) ရက်နေ့အထိပြိုင်ပွဲကျင်းပသွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရပါတယ်။

နိုဝင်ဘာလ(၅)ရက်မှာတော့ဆုပေးပွဲအခမ်း အနားအားကျင်းပပြုလုပ်သွားတယ်လို့ ဆိုပါတယ်။

နေ့လွတ်အရုပ်မီးပုံးပျံပြိုင်ပွဲစာရင်းပေးသွင်းရမယ့်ရက်မှာ (၁. ၁၀. ၂၀၂၅) မှ(၅. ၁၀. ၂၀၂၅)နေ့ထိကိုကန်အရှေ့ရပ်ကွက်ရုံးမှာ လည်းကောင်း(၆. ၁၀.၂၀၂၅ မှ ၁၅.၁၀ ၂၀၂၅) နေ့အထိကို အိမ်အမှတ်(ရ/၁၉၀) ရတနာသီရိရပ်ကွက် အနောက်မြို့ပါတ်လမ်း ပါရမီဆေးဆိုင်ဘေး ဦးတင်အေးနေအိမ်တွင်ရုံးဖွင့်ပြီး မနက်၉နာရီမှ ညနေ၄နာရီထိစာရင်း လက်ခံပေးသွားမှာဖြစ်ပါတယ်။

(၁၇.၁၀.၂၀၂၅) ရက်နေ့မှာပြိုင်ပွဲဝင်နေ့လွတ်အရုပ်မီးပုံးပျံအဖွဲ့တွေနေ့လည်(၁)နာရီအချိန်၊ကန်ရှေ့ရပ်ကွက်ရုံးမှာမဲနှိုက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#တောင်ကြီးတန်ဆောင်တိုင်#ပွဲတော်