Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ရထားခရီးစဉ်များတိုးချဲ့ပြေးဆွဲပေးမည်

—————————————————————————————-

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၃၀)ရက်

သာစည်-ရွှေညောင်လူစီးရထားအား တောင်ကြီးအထိပြေးဆွဲမှာဖြစ်သလို တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း တောင်ကြီး-ပေါမူ-တောင်ကြီး Sight Seeing ရထားများ ပြန်လည်ပြေးဆွဲပေးမှာဖြစ်တယ်လို့ မြန်မာ့မီးရထားမှသိရပါတယ်။

အပတ်စဉ် အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင်ရထားအား သောကြာနေ့နဲ့ အမှတ်(၁၄၂)အစုန် ရွှေညောင်-သာစည်ရထားအား တနင်္လာနေ့တွေမှာ ပုံမှန် ပြေးဆွဲပေးလျက်ရှိရာ အောက်တိုဘာ ၃၁ ရက်မှ စတင်ပြီး သာစည်မှ တောင်ကြီးအထိ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။

ရာဂီမုန်တိုင်းကြောင့်ပျက်ခဲ့ရတဲ့လမ်းပိုင်းပြင်ပြီးဖြစ်လို့ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပမယ့် ကာလအတွင်း ပြည်တွင်း/ပြည်ပမှ ခရီးသွားပြည်သူများအနေဖြင့် တောင်ကြီးမြို့ရဲ့ သာယာလှပသောရှုခင်းတွေကို စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ဖို့ တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး Sight Seeing ရထားခရီးစဉ်ကို အထူးကိစ္စတစ်ရပ်အနေဖြင့် နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး တောင်ကြီး-ပေါမူခရီးစဉ် ကိုလည်း အရင်က အတိုင်း အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ပုံမှန်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#တန်ဆောင်တိုင်#ပြည်တွင်းသတင်း#မြန်မာ