Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကျင်းပ၊မီးပုံးပျံ(၃၃၈)လုံးပြိုင်ပွဲဝင်

—————————————————————————————-

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊(၂၉)ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက်မှာကျင်းပခဲ့ပြီး မီးပုံးပျံ(၃၃၈)လုံး မီးပုံးပျံပြိုင်ပွဲကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို့ အဝေရာမီးပုံး ပျံကွင်းမှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တာဖြစ်ပါတယ်။

ပွဲတော်ကာလအတွင်း မြို့လုံးကျွတ် ဘုံကထိန်ပဒေသာပင် လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မီးပဒေသာပင်လှည့်လည်ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံ ၂၅၈ လုံး၊ ညလွှတ် မီးပုံးပျံညမီးကြီး ၄၃ လုံး၊ စိန်နားပန်မီးပုံးပျံ ၃၇လုံးဖြင့် မီးပုံးပျံပြိုင်ပွဲများ ကို ကျင်းပပေးသွားမှာဖြစ်ပါတယ်။

တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ရှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမှာဖြစ်ပြီး အခမ်းအနားမှာ ပြည်နယ်ဝန်ကြီးချုပ်က တန်ဆောင်တိုင်ပွဲတော်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စိန်နားပန်မီးပုံးပျံ တစ်လုံး လွှတ်တင်ပေးပြီး တိုင်းရင်းသားတိုင်းရင်းသူများက မီးပုံးပျံအလတ် အလုံး ၅၀၊ ကျောင်းသား ကျောင်းသူ ၉၀၀ က မီးပုံးပျံ အသေး ၃၀၀ လွှတ်တင်ပေးကာ မီးရှူး၊ မီးပန်း ပစ်ဖောက်ပေးကြပြီး အဆိုတော် ဟိန်းကိုနှင့် အာကာဟိန်းတို့က “လှမ်းခဲ့ပါချယ်ရီမြေနှင့် မင်္ဂလာပါ မိုင်ဆုန်ခ” သီချင်းဖြင့် ဖျော်ဖြေ၍ တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့နဲ့ ပညာရေးဒီဂရီကောလိပ်အကအဖွဲ့တို့က တူညီအကဖြင့် တင်ဆက်ဖျော်ဖြေ ပေးကြပြီး ခေတ်ပေါ်တေးဂီတီးဝိုင်းဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

Photo Credit -မူရင်း

#mercury#mercurynews#တောင်ကြီးတန်ဆောင်တိုင်#မြန်မာ#ယဉ်ကျေးမှု#ပြည်တွင်းသတင်း